မေ ၂၉ ကြာသပတေး မနက်ခင်း

နိုင်ငံတကာထူခြားသတင်းများ

-သြစတေးလျား ပညာရှင်အဖွဲ့ လိုဝီ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော လာရီကျူ့ က ဖွံ့ဖြိုးဆဲ ၇၅ နိုင်ငံသည် ယခုနှစ် တရုပ်အားပြန်ဆပ်ရန်အကြွေး ဒေါ်လာ ၂၂ ဘီလျံ ရှိကြောင်း ဖော်ပြခဲ့ရာ မနာလိုသူများ၏ကောလဟလဖြန့်ဝေမှု့သာဖြစ်ကြောင်း တရုပ်ကတုန့်ပြန်ခဲ့သည် ။

-မီဇိုရမ်ရှိမြန်မာဒုက္ခသည် ၃၃၀၂၃ ဦးအား ဘိုင်အိုမက်ထရစ် နည်းဖြင့် မှတ်ပုံတင်၍ သူပုန်/ လူကောင်း ခွဲခြားသွားမည်ဟု အိန္ဒိယဗဟိုအစိုးရပြည်ထဲရေးဝန်ကြီး အာမက်ရှား က ဟိန္ဒူစတန်တိုင်း သတင်းစာကိုပြောသည် ။

-ထိုင်းနိုင်ငံသို့ဝင်ရောက်လာသောမူးယစ်ဆေးများ၏အရင်းအမြစ်မှာ UWSA ဖြစ်ကြောင်း ၎င်းကိုနှိမ်နင်းရန် လာအိုအစိုးရနှင့် မြန်မာအစိုးရတို့အား ညှိနှိုင်းသွားမည်ဟု ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောရာ ၊ ဝ ဒေသ၌ ၂၀၀၅ ခုနှစ်ကစပြီး မူးယစ်ဆေးကင်းစင်ပြီးဖြစ်ကြောင်း UWSA ပြောခွင့်ရ ညီရန်း က ငြင်းဆိုသည်။

ပြည်တွင်းထူးခြားသတင်းများ

-ဗန်းမော်ကို ထပ်မံ ထိုးစစ်ဆင်လာသော KIA နှင့်ပူးပေါင်းအဖွဲ့ ပြန်လန်ကျသွားပြီး ဖားကန့် သို့ မိမိစစ်ကြောင်း ပူးပေါင်းရောက်ရှိခဲ့သည် ။

-ပဲခူးတိုင်းအနောက်ခြမ်း အုပ်ဖိုမြို့နယ် ထန်းပင်ကုန်းရွာအနီး ဘိုရုံစု စခန်း တိုက်ခိုက်ခံရပြီး ပေါက်ခေါင်းမြို့နယ် သိုက်ချောင်းရွာတွင် PDF နှင့် ထိတွေ့မှု့ဖြစ်ခဲ့သည် ။

-ကျောက်ဖြူမြို့နယ် မင်းတပ်တောင်စခန်းနှင့် စက်မှု့ကျောင်းရှိ AA တို့ကို တပ်မတော်မှရှင်းလင်းနေသည် ။

-နိုင်ငံသည် ရင့်ကျက်မှု့မရှိသေး၍ ပါတီစုံ စနစ်သည် တိုင်းပြည်ပျိုကွဲမှု့ကိုတွန်းပို့စေသည်ဟု ရခိုင်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနကိုပြောသည် ။

-မန္တလေး ၇၇ လမ်း ၃၄/၃၅ ကြား cown boy bar မီးလောင်ရာ မန်နေဂျာမ အပါအဝင်အမျိုးသမီး ၄ ဦးသေဆုံးသည်။

-မနေ့ညနေ ၅း၅၄ အချိန် ရမည်းသင်းအရှေ့ဘက် ပြင်းအား ၄.၃ ၊ ည ၁၀း၄၂ အချိန် ပခုက္ကူအနောက်ဖက်တွင် ၃.၉ ၊ ၎င်း အချိန်တူ ပြင်းအားတူ ညောင်ဦးအရှေ့ဘက် နှင့် ည ၁၁း၃၄ အချိန် ရေတာရှည်မြို့အရှေ့ဘက် ပြင်းအား ၃.၁ ရှိ ငလျင်ငယ်များ လှုပ်ခတ်ခဲ့ကြောင်း မိုးဇလ က ထုတ်ပြန်သည် ။

Leave a Reply

Your email address will not be published. Required fields are marked *