NUG၊ CRPH အကြမ်းဖက်အဖွဲ့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည်အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက်၎င်းတို့အလိုကျဆောင်ရွက်နိုင်ရန်အတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအား ယာယီစိုးမိုးကာ အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသောကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism- Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများစိုးမိုးထားသော အင်းတော်မြို့အားလည်း ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ရက်တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အဆိုပါဒေသရှိ အကြမ်းဖက် သောင်းကျန်းသူများ […]