သမိုင်းတွင်တဲ့မြို့က တိုင်းပြည်ရဲ့အနာဂတ်အလင်း
ကြယ်တံခွန် ပေါ်ထွက်လာတော့မည်လား…
မြန်မာပြည်မှာ မြို့နယ်အဆင့်မြို့ပေါင်း(၃၃၀) ရှိပါတယ်…မြို့နယ်ခွဲအဆင့်နဲ့မြို့ငယ်တွေ (၁၀၀)ကျော်ရှိပါသေးတယ်..
အဲဒီလိုမြို့တွေ ရာပေါင်းများစွာရှိရာမှာ
ပေါက်ခေါင်းမြို့ကိုတော့ လူသိများကြပါတယ်…
သိပင် သိသော်လည်း အဲဒီမြို့က ရန်ကုန်-မန္တလေး ရိုးမအရှေ့လမ်း ရိုးမအနောက်လမ်း စတဲ့လမ်းမတွေပေါ်မှာ တည်ရှိနေတာမဟုတ်ဘဲ ပြည် -အောက်မင်းလှ ရိုးမဖြတ်လမ်းပေါ်မှာ တည်ရှိနေလို့ သာမန်အားဖြင့် ရောက်ဘူးဘို့မလွယ်ပါဘူး…
လူသိများရခြင်းပထမအကြောင်းက မြန်မာ့တပ်မတော်ရဲ့ဒုတိယဖခင် ရဲဘော် သုံးကျိတ်ဝင်
ဗိုလ်ရှုမောင် ခေါ် ဗိုလ်နေဝင်း (နောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဲဒီနောက် နိုင်ငံတော်သမ္မတ အဲဒီနောက် လမ်းစဉ်ပါတီဥက္ကကြီး) ရဲ့မွေးဇာတိဖြစ်တာကြောင့်…
နောက်တစ်ခုက လမ်းစဉ်ပါတီခေတ်က တည်ဆောက်ခဲ့တဲ့ တောင်နဝင်း ရေလှောင်တမံကြီးတည်ရှိတာကြောင့် …
အဲဒီလိုတွေကြောင့် ပေါက်ခေါင်းမြို့ကို လူသိများ
ပါတယ်…
ယခု ပေါက်ခေါင်းမြို့ကို လူတွေ အထူးစိတ်ဝင်စားနေကြပါတယ်…
ကျင်းပနေတဲ့ရွေးကောက်ပွဲမှာ ပေါက်ခေါင်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်
ပြည်ခိုင်းဖြိုးပါတီကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့်
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ(၃) ဦးမျိုးဇော်သိန်းကြောင့် စိတ်ဝင်စားနေကြတာပါ…
ဦးမျိုးဇော်သိန်းက ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဖြစ်ပြီး တပ်မတော်မှာ ရာထူးအဆင့်ဆင့်ထမ်းဆောင်ခဲ့တယ် ရန်ကုန်တိုင်းစစ်တိုင်းမှူးတာဝန် စစ်ရေးချုပ်တာဝန်တွေ ထမ်းဆောင်ခဲ့တယ် လို့ သိရပါတယ်…
ဦးမျိုးဇော်သိန်းက ပေါက်ခေါင်းမြို့ဇာတိသားဖြစ်ပြီး မြို့သူမြို့သားအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်
ဆွေမျိုးရင်းချာလို ပြောဆို ဆက်ဆံနေကြတာ ဓါတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်…
ယခုလက်ရှိမှာကိုဘဲ မြို့နယ်မီးသတ်အတွက် လိုအပ်တာတွေ မြို့ခန်းမ စတာတွေ ကို လုပ်ဆောင်နေပြီး မြို့လူထုကလည်း တော်တော်အားကိုးကြတာ ရင်းနှီးချစ်ခင်ကြတာတွေ့ရပါတယ်…
အဲဒီလောက်ဘာ့ကြောင့်ချစ်ကြ ခင်ကြတုံး ဆိုတော့
ဦးမျိုးဇော်သိန်း စစ်တက္ကသိုလ်မတက်ခင် ကျောင်းသားဘဝကတည်းက ပရဟိတအနေနဲ့
မြို့နယ်မီးသတ်တပ်ဖွဲ့မှာ အရံမီးသတ်တပ်သားအဖြစ် စေတနာ့ဝန်ထမ်းလုပ်ခဲ့တယ် ဆိုပါတယ်…
၁၀ တန်းစာမေးပွဲကြီး မနက်ဖြန်လို ဖြေရမှာ
ယနေလိုညနေပိုင်းမှာ မြို့ဘေးနားကရွာမီးလောင်တာကို လိုက်ပါ သွားပြီး ငြိမ်းသတ်နေတာ
ည ၁၀ နာရီနီးမှ အိမ်ပြန်ရောက်လို့ တစ်ညလုံးမအိပ်ဘဲစာကျက်လိုက်ရတယ်ဆိုပါတယ်…
အဲဒါကိုသိရပြီး ရှားမှရှား စိတ်ထားမြင့်မြတ်မှုအတွက်တော်တော်လေးကို လေးစားအသိအမှတ်
ပြုရပါတယ်…
ပေါက်ခေါင်းတောမြို့လေးကနေ စစ်တက္ကသိုလ်အောင် အောင်ကြိုးစားခဲ့တယ်…
ရာထူးအဆင့်ဆင့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာထူးအထိ ရရှိခဲ့တယ် ဆိုတာတွေဟာ တစ်ကယ့် သမိုင်းမှတ်တိုင်ကောင်း တွေပါ…
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌအနေနဲ့ အခြားမြို့ကြီး မြို့ငယ်အများအပြား လူထုတွေ့ဆုံပွဲ တွေသွားရောက်ခဲ့ရာမှာလည်း အပြောအဟောအလွန်ကောင်းတာ မြင်ရ ကြားရပါတယ်…
လူသိများတဲ့ လူမှုကွန်ယက်မှာစာတွေရေးနေတဲ့
အင်ဂျင်နီယာကြီးတစ်ယောက်က ဦးမျိုးဇော်သိန်းကို “”တိုင်းပြည်ရဲ့နောင်အလားအလာကောင်းအဖြစ်
မြင်မိတယ်”” လို့ comment ရေးထားပါတယ်…
ထို့အတူဘဲ ပြည်သူအများကလည်း
ဦးမျိုးဇော်သိန်း ဟာသရေခေတ္တရာနယ်က
ပေါက်ခေါင်းမြို့ဘက်စုံစည်ပင်တိုးတက်လာ
အောင် စွမ်းဆောင်နိုင်မည့်
ပေါက်ခေါင်းမြို့ရဲ့အလင်းကြယ်တံခွန်…
နောင်မှာ နိုင်ငံတော်ရဲ့တာဝန်တွေကို ပုခုံးပြောင်းထမ်းဆောင်နိုင်မည့် နိုင်ငံတော်ရဲ့ အလင်းကြယ်တံခွန်အဖြစ် ရှုမြင်မျှော်လင့်နေကြတယ် ဆိုတာ comment တွေက ဖေါ်ပြနေပါတယ်…
ပြည်ခိုင်ဖြီိုးပါတီမှာ ဦးမျိုးဇော်သိန်းလို ထူးချွန်ထက်မြက်သူ စိတ်ရင်းစေတနာကောင်းသူ
အများအပြား ရှိနေတာကြောင့် ပြည်သူအများစု
ယုံကြည်စွာ အားပေးထောက်ခံနေကြပြီဆိုတာ
မဲရွေးပွဲ အပိုင်း(၁) မှာ ပြည်ခိုင်ဖြိုးက ၈၀ ရာနှုန်း ကျော်အထိ အနိုင်ရရှိနေတာက သက်သေပါဘဲ…
ရွေးပွဲ အပိုင်း(၂) မှာ ပေါက်ခေါင်းမြို့ပါဝင်နေတာကြောင့် ဦးမျိုးဇော်သိန်းအပါ အခြားကိုယ်စားလှယ်အားလုံးကို ပေါက်ခေါင်းမြို့မဲဆန္ဒရှင် တွေ ရဲ့
မှန်ကန်တဲ့ ရွေးချယ်မှုကို ရရှိခဲ့လျှင်ဖြင့်
ပေါက်ခေါင်းမြို့မှသည် နိုင်ငံအတွက် အလင်းကြယ်တံခွန် ထွက်ပေါ်လာမည်ဟု ယုံကြည်မျှော်လင့်မိပါတယ်…
