🔶 မေလ ၁၈ ရက်နေ့မှာ ဇီးတောရွာက လုံခြုံရေးဂိတ်ကင်းစခန်းမှာ PDF တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ရေးအရ စခန်းအား စွန့်လွတ်ပေးခြင်းဖြစ်သည် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက် ကျဆုံး ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။
🔶 မေလ ၂၂ ရက်နေ့ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၂ မိုင်အနီး လုံခြုံရေးစခန်းအား အဝေးမှ လာရောက် ချောင်းမြောင်းပစ်ခတ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။
🔶 မေလ ၂၄ ရက်နေ့ ပဲခူးမြို့နယ်၊ ဘောနတ်ကြီး-တိုက်ကြီး မိုင် ၅၀ လမ်းပိုင်း နေရာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရသိရှိရသည်။
Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ အမြန်လမ်းကိုပဲ PDF တွေက စိုးမိုးထားသလိုလို၊ ရန်ကုန်အထိပဲ ရောက်လာသလိုလိုနဲ့ အများပြည်သူများအထိတ်တလန့်ဖြစ်အောင် အခြေအမြစ်မရှိ ပုံကြီးချဲ့အမြတ်ထုတ်ရေးထားတဲ့ “သတင်းအမှား” ဖြစ်ပါတယ်။
//Disinformation

