မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ Cowboy Bar တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုအတွင်း ဝန်ထမ်းအမျိုးသမီး ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရပြီး အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီကျော်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး
မီးလောင်သည့်နေရာမှ တွေ့ရသည့် အမျိုးသမီးရုပ်အလောင်း ၄ လောင်းကို မန္တလေးဆေးရုံကြီးသို့ပို့ဆောင်၍ စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
CRD// 𝙈𝙃𝙏𝙉𝙀𝙒𝙎


