ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာက အသက် ၁၆ နှစ်အရွယ် Grade-9 ကျောင်းသူကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူနှစ်ယောက်ကို မေ ၂၂ ရက်မှာ တောင်ငူခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်း စွပ်ပြီး သတ်စေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မုဒိန်းကျင့်သတ်ဖြတ်မှုဖြစ်စဥ်သည် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူသည် ၎င်းကျေးရွာရှိ သစ်စက်တစ်ခုတွင် ညပိုင်းအလုပ်လုပ်ကိုင်သူဖြစ်ကာ မိခင်ဖြစ်သူမှာ နံနက် ၅ နာရီခန့်ထ၍ တောသို ဖက်ကောက်သွားနေစဥ် နေအိမ်၌တစ်ဦးတည်းကျန်ရှိနေသော အမျိုးသမငယ်ကို အဓမ္မပြုကျင့်အသတ်ခဲ့ခြင်းဖြစ်သည်။
