လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးစနစ်သို့သွားနိုင်ရေး ဆက်လက်အကောင်အထည်ဖော်‌မည်ဟုပြောကြား

မေလ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV) ကား တင်သွင်းမှုများကို ခွင့်ပြုပေးထားသော်လည်း နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသည့်အတွက် ကန့်သတ်ချက်ရှိနေသေးကြောင်းနှင့် ပို့ဆောင်ရေးနှင့် ပတ်သက်၍လည်း လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးစနစ်သို့သွားနိုင်ရေး ဆက်လက်အကောင်အထည်ဖော်‌ဆောင်ရွက်သွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

crd//pan

Leave a Reply

Your email address will not be published. Required fields are marked *