ဝ တပ်သားတစ်ဦးမှ လက်နက်များခိုးယူ၍ TNLA ထံရောင်းချ

ဝ အဖွဲ့ (UWSA) အနေဖြင့် လက်နက်ခိုးယူရောင်းချခဲ့သော ထောက်ပို့တပ်သားတစ်ဦးအား သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတပ်သားသည် လက်နက်ခဲယမ်းများကို ခိုးယူကာ TNLA အဖွဲ့ထံသို့ ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်အတွက် UWSA ဗဟိုဌာနချုပ်ဖြစ်သော ပန်ဆန်းမြို့တွင် မေလ ၁၄ ရက်၊ နံနက် ၈ နာရီက တရားစီရင်ရေးအခမ်းအနားပြုလုပ်ကာ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းတပ်သားအနေဖြင့် ခိုးယူထားသော လက်နက်များအား TNLA အဖွဲ့အပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်များထံသို့လည်း ရောင်းချထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါတပ်သား ခိုးယူခဲ့သည့် လက်နက်ခဲယမ်းအရေအတွက်နှင့် မည်သို့ ခိုးယူခဲ့သည်၊ ခိုးယူရာတွင် လူမည်မျှပါဝင်ခဲ့သည်ကိုမူ UWSA မှတရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

CRD/NP NEWS

Leave a Reply

Your email address will not be published. Required fields are marked *