NUG အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့် စာမျက်နှာတစ်ခုဖြစ်တဲ့ People’s Spring မှာ နွေဦးအကြမ်းဖက်လှုပ်ရှားမှုမှာ နိုင်ငံခြားသာများ ပါဝင်နေမှုကို အတိအလင်း ဝန်ခံထားပါတယ်။
(Al Jazeera သတငျးဌာန၏ Western volunteers join the battle against Myanmar’s military regime ဆောငျးပါးကို ဘာသာပွနျဆိုပြီး ဖော်ပြထားရာမှာ အကြမ်းဖက်လှုပ်ရှားမှုများတွင် နိုင်ငံခြားသားများ ပါဝင်နေမှုကို စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမားလို့ သုံးနှုန်းဖော်ပြထားတာကို တွေ့ရပါတယ်။
စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမားလို့ အမည်ခံထားတဲ့ အကြမ်းဖက်သမားများထဲမှာ ဗြိတိန် စစ်သားဟောင်း တယောက်နဲ့ အမေရိကန် တိုက်ခိုက်ရေးသမား တစ်ဦးတို့ဟာ အရေအတွက် နည်းပါးပေမယ့် တစထက်တစ ကြီးထွားလာနေတဲ့ မြန်မာရောက် နိုင်ငံခြားသား အကြမ်းဖက်သမား အစုအဖွဲ့ထဲမှာ ပါဝင်နေပါတယ်။
Al Jazeera က Free Burma Rangers အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်လို့ ခရစ်ယာန် လူသားချင်း စာနာမှု အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ပြခဲ့တာကတော့ ခရစ်ယာန်များအားလုံးကို အကြမ်းဖက်ခေါင်းစဉ်အောက် စွဲသွင်းထားတာနဲ့ တူနေပါတယ်။
FBR အကြမ်ဖးက်အဖွဲ့ရဲ့ အဆက်အစပ်နဲ့ ကူညီထောက်ပံ့မှုတွေ ရတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ FBR အကြမ်ဖးက်အဖွဲ့ကို တည်ထောင်သူဟာ အမေရိကန် အထူးတပ်ဖွဲ့ဝင် စစ်မှုထမ်းဟောင်း ယခု အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဒေးဗစ် အူဘန့်ခ် ဖြစ်ကြောင်း Al Jazeera က ဖော်ပြခဲ့ပါတယ်။
Al Jazeera က ဖော်ပြထားတဲ့ ဆောင်းပါးကို NUG ရဲ့ ဝါဒဖြန့်စာမျက်နှာကနေ ဘာသာပြန်ဆို ဖော်ပြခဲ့ခြင်းဟာ သူတို့တွေသည် နိုင်ငံခြားသားများရဲ့ ဦးဆောင်မှုနောက်မှာ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေကြသူတွေ ဖြစ်ကြောင်း ဝန်ခံထားသလို ဖြစ်တာကိုတော့ ထည့်သွင်းမစဉ်းစားတဲ့ သဘောပါပဲ။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းဖက်လှုပ်ရှားမှုနောက်ကွယ်မှာ နိုင်ငံခြားသားများ ပါဝင်ခြယ်လှယ်နေတာကို သိသာထင်ရှားစွာ ဖော်ပြခဲ့တဲ့ အခြေအနေတစ်ရပ်ကို PDF အကြမ်းဖက်အဖွဲ့ဝင်များ သိကြပြီဆိုရင် နိုင်ငံခြားသားတွေရဲ့ အလိုကျ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်တဲ့ လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေကြမလား။
CRD