မေ ၁၁ တနင်္ဂနွေနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-အိန္ဒိယ – ပါကစ်စတန် ပဋိပက္ခ ကန် ကြားဝင်မှု့ဖြင့် အပစ်ရပ်လိုက်ပြီဖြစ်ကြောင်းနှင့် နှစ်ဖက်လုံးသည် ဆင်ခြင်တုံတရားရှိကြ၍ ချီးကြူးကြောင်း ထရန့်က ဆိုသည် ၊ ၎င်းအပြင် အမေရိကန်၏ F-16 တိုက်လေယာဥ်များကို ယ္ခုကိစ္စ၌ထုတ်မသုံးရန် ကန် က တားမြစ်ထားခဲ့သည် ။

-ICC ၌ အဖမ်းခံနေရသော သမ္မတဟောင်းဒူတာတေး သည် ဖိလစ်ပိုင်ရှိ ၎င်း၏ဇာတိမြို့၌ မြို့တော်ဝန်အဖြစ်ဝင်ရောက်အရွေးခံနေရာ လူကြိုက်များနေသည် ။

-တရုတ်နိုင်ငံခြားရေးပြောခွင့်ရ မော်နင်းက မော်စကို တွင် မြန်မာဝန်ကြီးချုပ်နှင့် တွေ့ဆုံစဥ်လာမည့် မြန်မာ့နိုင်ငံရေးဆောက်ရွက်ချက်များ၌ နယ်စပ်တည်ငြိမ်ရေး ၊ အချုပ်အခြာနယ်မြေတည်တံ့ရေး ၊ တရားဥပဒေစိုးမိုးရေးတို့ ၌ ဆင်ခြင်တုံတရားဖြင့်ဆောင်ရွက်ရန် သမ္မတရှီ က တိုက်တွန်းခဲ့သည်ဟု ထုတ်ပြန်ခဲ့သည် ။

-ထိုင်း တွင် တစ်ပါတ်အတွင်း တကြော့ပြန် ကိုဗစ် ကူးစက်မှု့ ၂၄၀၀ ကျော် တွေ့ရှိ၍ သတိပေးချက်ထုတ်ပြန်ထားရသည် ။

ပြည်တွင်းထူးခြားသတင်းများ

-တောင်ကြီး အေးသာယာတွင် ငွေကျပ် ၁၇.၅ ဘီလျံ တန် မူးယစ်ဆေးများဖမ်းမိသည် ။

-လှိုင်းဘွဲ့မြို့နယ် ထိုင်းနယ်စပ် တာလယ်ဗျူဟာကုန်း ကို KNU/PDF တို့ တိုက်ခိုက်နေသည် ။

-ဗန်းမော်တွင် KIA တို့ဆုတ်ခွာသွား၍ မိမိတပ်များ မြို့တွင်းသို့ဝင်ရှင်းနေသည် ။

-မိုင်းခွဲဖျက်ဆီးခံရသော နှင်းပုလဲ ဘူတာအနီး တံတားပြင်ပြီးဖြစ်၍ မော်လမြိုင် – ရန်ကုန်ရထားပြန်ဆွဲနိုင်ခဲ့သည် ။

ပြည်ထောင်စုနယ်မြေ နေပြည်တော် –

-မနေ့က ညဦးပိုင်းတွင် နိုင်ငံတော်အကြီးအကဲနှင့်အဖွဲ့ နေပြည်တော်လေဆိပ်သို့ ပြန်ရောက်သည် ။

မေ ၁၂ ရက်မှ စတင်ပြီး UMFCCI အစီအစဥ်ဖြင့် သံချောင်း ၊ ဘိလပ်မြေ စသည့် အိမ်ဆောက်ပစ္စည်းမျိုးစုံ စျေးရောင်းပွဲတော်ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥပ္ပါဒသန္တိ စေတီတော်ရှေ့ တပေါင်းကွင်း တွင် ကျင်းပမည်ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *