မော်လမြိုင် – ရန်ကုန် ရထားလမ်းပိုင်း နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြားတွင် ယခုလ မေ(၆) ရက်၌ မိုင်းခွဲဖျ-က်ဆီးခံရပြီးနောက် (၃)ရက်ကြာ ပြင်ဆင်မှုများ ပြုလုပ်ပြီးသဖြင့် ရထားခရီးစဉ်များ နေ့စဥ်အချိန်မှန် ပြန်လည်ပေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။
မော်လမြိုင် – ရန်ကုန်ရထားခရီးစဉ်အား ယမန်နေ့ မေ(၁၀) ရက်မှ စတင်၍ အမှတ် (၈၂)အစုန် မော်လမြိုင်-ရန်ကုန် လေအိတ်တွဲဆိုင်းရထားအား စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ်လက်မှတ်များကို အထက်တန်း (၃)ရက်ကြို၊(၂)ရက်ကြို၊ (၁)ရက်ကြိုနှင့်ရိုးရိုးတန်း လက်မှတ်များအား (၁)ရက် ကြိုတင်၍ မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံ၌ နံနက် (၇)နာရီမှ မွန်း လွဲ(၃)နာရီအထိ နေ့စဥ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
