စလင်းက ပြည်သူများကို ဖိနှိပ်အုပ်ချုပ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်နေတဲ့ PDF များ

ဧပြီလ ၁၈ ရက် က ဇီးဖြူပင်ကျေးရွာတွင် ရွာသားအချင်းချင်းရန်ဖြစ်ကြရာမှ PDF အဖွဲ့တိုင်ကြားရာ ပကဖ-စလင်းမှ အဖွဲ့ဝင် ၅ ဦးခန့်ရောက်ရှိလာပြီး မတရားသဖြင့် ပြုလုပ်၍ အမျိုးသမီးငယ်တစ်ဦးက ၎င်းတို့၏လုပ်ရပ်သည် ပြည်သူများအား ဖိနှပ်ချုပ်ချယ်ခြင်းဖြစ်ကြောင်းပြောရာ ပကဖ-စလင်းမှ အဖွဲ့ဝင် ၃ ဦးသည် အဆိုပါ မိန်းမပျိုအား သေနတ်များမောင်းတင်ခြိမ်းခြောက်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ရာ အမျိုးသမီးငယ်တွင် နှုတ်ခမ်း နှင့် မျက်နှာ ကွဲအက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

-ပကဖ-စလင်းသည် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအား ဖိနှိပ်၍ အုပ်ချုပ်နေပြီး ဆက်ကြေးကောက်ယူမှုများပြားနေကြောင်း-ပကဖ-စလင်းသည် သေနတ်ဝယ်ယူရန်အတွက်လည်းကောင်း၊ ခဲယမ်းဝယ်ယူရန်အတွက်လည်းကောင်း၊ ဆိုင်ကယ်ဝယ်ယူရန်အတွက်လည်းကောင်း အကြောင်းအမျိုးမျိုးပြကာ တစ်ခါကောက်ယူပါလျှင် ငွေ ၈၅ သိန်းကျပ် (သို့မဟုတ်) ငွေ ၆၅ သိန်းကျပ် အထိ ကောက်ခံကြောင်း-တစ်အိမ်ထောင်စုအား တစ်လလျှင် ဆန် (၂) ပြည် နှင့် ငွေ (၃၀၀၀၀) ကျပ် ပေးဆောင်ရမည်ဟု ပကဖ-စလင်းက ပြောကြားထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *