အေလာလေဆိပ်အား အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

နိုင်ငံတကာမှ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလက်ခံနေသည့် အေလာ(နေပြည်တော်)လေဆိပ်အား အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီကျော်ခန့်မှာ အကြမ်းဖက်အဖွဲ့က အေလာလေဆိပ်အား ရှော့တိုက်ဒုံးဖြင့် ယုတ်မာစွာပစ်ခတ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ လေဆိပ်သည် နိုင်ငံတကာမှ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိရာ အဓိက လေဆိပ်တစ်ခုဖြစ်ပြီး ပစ်ခတ်သည့်အချိန်ကလည်း နိုင်ငံတကာ ကယ်ဆယ်ရေးလေယာဉ်တွေ ဆိုက်ကပ်သည့် အချိန်လည်း ဖြစ်သည်။

-အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးမှာ လေဆိပ်သို့မရောက်ဘဲ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ရေလည်ကွေးရွာရှိ နေအိမ်ခြံဝန်းတစ်ခုသို့ ကျရောက်ခဲ့ပြီး ဒုံးသီးမှာ ပေါက်ကွဲခြင်းမရှိ၍ လူ/အဆောက်အဦ ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

-အဆိုပါလုပ်ရပ်သည် ယုတ်မာသည့်အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ဒေသခံပြည်သူများနှင့် လခရတပ်ဖွဲ့များ ပူးပေါင်း၍ လိုက်လံရှာဖွေ ရှင်းလင်းလျက်ရှိကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *