ဘာသာရေးမှိုင်းတိုက်လာပြန်တဲ့ ပြည်ဖျက် DVB

ခေတ်အဆက်ဆက် ပြည်သူတွေကို သတင်းလိမ်သတင်းအမှားတွေDVB ကပြည်သူတွေကြားမှာ ဘာသာရေးနဲမှိုင်းတိုက်နေကြပြန်ပြီ။

ဧပြီလ၁၇ ရက်ကအကြမ်းဖက်အားပေးမီဒီညာဖြစ်တဲ့DVB ကသံဃာတွေကိုရေလောင်းတယ်ဆိုတဲ့သတင်းကိုအောက်တန်းကျစွာနဲ့မဟုတ်မမှန်ဖော်ပြခဲ့တယ်။

–အဲဒီ သံဃာတွေကို ရေလောင်းတဲ့ဖြစ်စဉ်က အောက်တန်းစားDVB ဖော်ပြသလို ကမ်းရိုးတန်းကမဟုတ်ဘူး။ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြိုနယ်၊ ထိန်ကန်ကြီးရွာကဒုလ္လဘရဟန်းသံဃာတွေကို ရွာသူရွာသားတွေကဆွမ်းစားပင့်ရင်းနဲ့အပြန်မှာ ရေသပ္ပာယ်ကြတာပါ။

ဘယ်က ဗိုလ်ကြီးမိန်းမမှမပါဘူး။ အားလုံးက ရွာသူရွာသားတွေချည်းပဲ။ –အဲဒီရွာမှာ အသိရှိရင်သွားမေးကြည့်လို့ရတယ်။ ထိန်ကန်ကြီးရွာက လက်ဆင့်ကမ်းတောရကျောင်းတိုက်မှာနှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလမှာ ဒုလ္လဘဝတ်ကျတဲ့ရဟန်းသံဃာ ၁၀၀/၁၄၀ လောက်ရှိတယ်။

အဲဒီ ဒုလ္လဘရဟန်းသံဃာတွေကို နှစ်ဆန်းတစ်ရက်နေ့မှာ ရွာသူရွာသားတွေက ရွာထဲကို ဆွမ်းစားပင့်ဖိတ်ပြီး အပြန်မှာ ရွာသူရွာသားတွေက ရွာရဲ့ ဓလေ့အရ ဒုလ္လဘရဟန်းသံဃာတော်တွေကို ရေသပ္ပာယ်ကြတာဖြစ်ပါတယ်။

–အဲဒါကို DVB အကြမ်းဖက်မီဒီညာက ဗိုလ်ကြီးမိန်းမဦးဆောင်ပြီးသံဃာတွေကို ရေလောင်းပါတယ်ဆိုပြီးမဟုတ်မမှန်ဝါဒဖြန့်နေတာကတော့အောက်တန်းစားဆန်လွန်းပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *