အားပြင်းငလျင် ပထမဆုံးလှုပ်တဲ့ရက်က CCTV မှတ်တမ်းတစ်ခုတွေ့မိတာ ကြက်သီးပါထပြီး မျက်ရည်ပါကျမိပါတယ်။
ဘေးဒုက္ခတွေ ကြုံလာပြီဆိုရင် မိဘတိုင်းဟာ သားသမီးအပေါ် အနစ်နာခံ ကာကွယ်ပေးတယ် ဆိုတာ မြင်တွေ့ရမှာပါ။
ငလျင်လှုပ်လို့ ပြိုကျလာချိန် သမီးဖြစ်သူကို ဖုန်းဝယ်ပေးနေတဲ့ အဖေရော အမေပါ တံတိုင်းသဖွယ် ချက်ခြင်းကာကွယ်ပေးတဲ့ မြင်ကွင်းလေးပါ။
သူတို့ထိခိုက်မှာကိုတောင်
မတွေးရှာပဲ သမီး ဖြစ်သူကို စိတ်ပူပေးခဲ့ကြတာ တွေ့ရလို့ မျက်ရည်ကျရင်း ပီတိလည်း ဖြစ်ရပါတယ်။
▪️မိဘတွေ အသက်ရှိစဉ်မှာ ကျေးဇူးဆပ်နိုင်တဲ့ သားသမီးများ ဖြစ်ကြပါစေ။
▪️Truth Waves
