တရုတ်နိုင်ငံက မြန်မာနိုင်ငံကိုထောက်ပံ့ပေးတဲ့ ဆဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီပစ္စည်းများ ဧပြီလ ၁၁ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်… အဆိုပါ အကူအညီပစ္စည်းများမှာ ရွက်ဖျင်တဲ ၂၆ လုံး၊ တစ်ကိုယ်ရေသုံး ပြင်ပတွင် ချက်ပြုတ်နိုင်သည့် ပစ္စည်းအစုံ ၂,၀၀၀၊ ဆိုလာစွမ်းအင်သုံး စာကြည့်မီးအိမ် ၁၀,၀၀၀ လုံး၊ ဆပ်ပြာ ၃၈,၈၈၀ တုံး၊ ရေချိုးဆပ်ပြာရည် ၃၈,၈၈၀ ဘူး၊ ခေါင်းလျှော်ရည် ၃၈,၈၈၀ ဘူး၊ သွားတိုက်ဆေး ၃၈,၈၈၀ ဘူး၊ သွားတိုက်တံ ၃၈,၈၈၀ ချောင်းနဲ့ ဆပ်ပြာမှုန့် ၃၈,၈၈၀ အိတ်ပါဝင်ပြီး စုစုပေါင်း အလေးချိန် ၉၁ တန်ကျော်ရှိကြောင်းလည်း သိရပါတယ်။




