မန္တလေးနှင့် နေပြည်တော်လေဆိပ်များကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုမည်

မန္တလေးနှင့်နေပြည်တော်လေဆိပ်တို့တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဧပြီ ၃ ရက်) တွင် ထုတ်ပြန်ကြေညာသည်။

ယင်းထုတ်ပြန်ချက်အရ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို မနက်ဖြန်(ဧပြီ ၄ ရက်) နံနက် ၆ နာရီတွင်လည်းကောင်း၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၅ ရက်၊ နံနက် ၆ နာရီတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမှာဖြစ်သည်။

ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဆိုပါ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယင်းလေဆိပ်နှစ်ခုကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

crd/ mht

Leave a Reply

Your email address will not be published. Required fields are marked *