ဂျပန်နိုင်ငံ JICA မှ ဆရာဝန်များနှင့် သူနာပြုများပါဝင်သည့် ဆေးအဖွဲ့များ ရန်ကုန်သို့ရောက်ရှိ

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်သည်။

ထိုသို့ လမ်းဖွင့်ပေးထားသည်နှင့်အညီ ဂျပန်နိုင်ငံ JICA မှ ဆရာဝန်များနှင့် သူနာပြုများပါဝင်သည့် ဆေးအဖွဲ့များအပြင် ကီလီဂရမ် ၁၁၀၀၀ ကျော်ရှိသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများပါဝင်သော လေယာဉ်မှာ ဧပြီ ၂ ရက် နက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော စုစုပေါင်းအလေးချိန် ၁၁၂၂၉.၁ kg ရှိသည့် ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ မိုးကာတဲများ၊ ဆေးရုံသုံးပစ္စည်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းနိုင်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် အလှူပစ္စည်းများ လွှဲပြောင်း/လက်ခံရေး ကွပ်ကဲမှု အဖွဲ့(လေဆိပ်)တို့မှ လွဲ‌ေပြာင်းရယူခဲ့ကြသည်။

အဆိုပါ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများကို ငလျင်ဒဏ်သင့်ဒေသများသို့ စောလျင်စွာ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။#mhtnews

Leave a Reply

Your email address will not be published. Required fields are marked *