မြန်မာနိုင်ငံအစိုးရ၏ အကူအညီတောင်းခံခဲ့မှုအရ ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ကူညီသွားမည်ဖြစ်ကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ်လ ၂၈ ရက်တွင် ကတိပြုပြောကြားခဲ့သည်။ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာသို့ အကူအညီများ တောင်းခံခဲ့ခြင်းဖြစ်ပြီး ယင်းသို့ မြန်မာအစိုးရ၏ အကူအညီတောင်းခံမှုကို တုန့်ပြန်မည်လားဟု သတင်းထောက်များက သမ္မတထရမ့်ကို မေးမြန်းခဲ့ကြသည်။အဆိုပါ သတင်းထောက်များ၏အမေးကို ထရမ့်က ဖြေဆိုရာ၌ “ဒါက ကြောက်စရာဖြစ်ရပ်ပါ။ အဲဒါ တကယ်ကို ဆိုးပါတယ်။ ငါတို့ ကူညီသွားမယ် အဲဒီနိုင်ငံနဲ့ ငါတို့ စကားပြောပြီးပါပြီ” ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
မြန်မာငလျင်ဘေးကို အမေရိကန်ကလည်း ကူညီမည်
