နှစ် (၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများအား တန်းစီကွင်းမှ စစ်ရေးပြကွင်းကြီးသို့ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ဂုဏ်ပြုပန်းစည်းကမ်းလိုသူ မိဘပြည်သူများ လာရောက်ဂုဏ်ပြုနိုင်ကြောင်း နေပြည်တော်တိုင်းစစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။
ဂုဏ်ပြုပန်းစည်းကမ်းလိုသည့် မိဘပြည်သူများအနေဖြင့် တယ်လီဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီး မတ်လ (၂၅)နှင့် (၂၆)ရက်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ ရောင်စုံလိုင်စင်ဓာတ်ပုံ (၂)ပုံတို့နှင့် အတူ လုံခြုံရေးဝင်ခွင့်ကတ်များကို လူကိုယ်တိုင် လာရောက်ထုတ်ယူကာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
