တောင်အာဖရိကသို့ပေးအပ်နေသည့် အထောက်အပံ့များ ဖြတ်တောက်သွားမယ်လို့ ထရမ့်ဆို

တောင်အာဖရိကနိုင်ငံသို့ ပေးအပ်နေသည့် အနာဂတ်ရန်ပုံငွေအထောက်အပံ့အားလုံးကို ဖြတ်တောက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂ ရက်နေ့က ပြောကြားခဲ့သည်။

ထို့သို့ အထောက်အပံ့များ ဖြတ်တောက်ရခြင်းမှာ တောင်အာဖရိကအစိုးရအနေဖြင့် မြေယာမြေများကို သိမ်းယူနေပြီး လူတန်းစားတချို့ကို ဆိုးဆိုးရွားရွား ဆက်ဆံနေခြင်းကြောင့်ဖြစ်သည်ဟာ မစ္စတာထရမ့်က ၎င်း၏ Truth လူမှုကွန်ရက်တွင် ရေးသားထားသည်။

“အမေရိကန်က အဲဒါကို လက်မခံနိုင်ပါဘူး။ ကျနော်တို့ ကိုင်တွယ်သွားမှာဖြစ်တယ်။ နောက်ပြီး ဒီအခြေအနေတွေကို စုံစမ်းစစ်ဆေးမှုအပြည့်အစုံ မပြီးမချင်း တောင်အာဖရိကအတွက် အနာဂတ် ရန်ပုံငွေအားလုံး ဖြတ်တောက်သွားမှာပါ” ဟူ၍လည်း ရေးသားထားသည်။ 

တောင်အာဖရိကသမ္မတ Cyril Ramaphosa နှင့် သမ္မတ ထရမ့်တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ဆက်သွယ်စကားပြောခဲ့ပြီး မိမိတို့အစိုးရအဖွဲ့နှင့် အမေရိကန်တို့ လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ပြောဆိုခဲ့သလို မစ္စတာထရမ့်နှင့် ဆက်ဆံရေးအတွက်ကိုလည်း စိတ်မပူကြောင်း ပြောဆိုထားသည်။

အမေရိကန်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က တောင်အာဖရိကနိုင်ငံသို့ အကူအညီအဖြစ် ဒေါ်လာ သန်း ၄၄၀ နီးပါး ပေးအပ်ခဲ့ကြောင်း ဝါရှင်တန်အစိုးရ၏ စာရင်းဇယားများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *