အမေရိကန်က နျူကလီးယားထိပ်ဖူးသယ်ယာဉ်ကို အောင်မြင်စွာစမ်းသပ်

အမေရိကန်နိုင်ငံရဲ့ မျိုးဆက်သစ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) မှာ တပ်ဆင်အသုံးပြုမယ့် နျူကလီးယားထိပ်ဖူးသယ်ယာဉ် Mk21A ကို ပစိဖိတ်သမုဒ္ဒရာအပေါ်မှာ စမ်းသပ်ပျံသန်းခဲ့ရာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အမေရိကန်လေတပ်နဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့Lockheed Martin တို့ ပူးပေါင်းဆောင်ရွက်တဲ့ အဲဒီစမ်းသပ်မှုမှာ နျူကလီးယားထိပ်ဖူးမတပ်ဆင်ထားတဲ့ Mk21A ယာဉ်ကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ Vandenberg  အာကာသတပ်ဖွဲ့စခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုဟာအမေရိကန်ရဲ့အနာဂတ် LGM-35A Sentinel တိုက်ချင်းပစ်ဒုံးကျည်စီမံကိန်းအတွက် အရေးပါတဲ့အဆင့်တစ်ခုလည်း ဖြစ်ပါတယ်။

Mk21A ဟာ Sentinel ဒုံးကျည်ရဲ့ ရှေ့ပိုင်းမှာတပ်ဆင်မယ့် ထိပ်ဖူးသယ်ဆောင်ရေးယာဉ်ဖြစ်ပြီး W87-1 နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။အာကာသအတွင်းကနေ ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်ချိန်မှာ ဖြစ်ပေါ်လာမယ့် အပူချိန်မြင့်မားမှုနဲ့ ဖိအားဒဏ်တွေကို ခံနိုင်ရည်ရှိတာတွေ့ရပါတယ်။

Sentinel ဒုံးကျည်ဟာပျံသန်းမှုအဆုံးပိုင်းမှာ အမြန်နှုန်းအနေနဲ့ တစ်နာရီလျှင်မိုင် ၁၅၀၀၀ ခန့်အထိရောက်ရှိနိုင်မယ်လို့ အမေရိကန်လေတပ်က ခန့်မှန်းပါတယ်။ အဲဒီအမြန်နှုန်းကြောင့် လေထုထဲပြန်လည်ဝင်ရောက်ချိန်မှာ ထိပ်ဖူးကို အပူဒဏ်ကနေကာကွယ်ပေးနိုင်စေဖို့ အရေးကြီးပါတယ်။ Sentinel စီမံကိန်းဟာ လက်ရှိအသုံးပြုနေတဲ့ Minuteman III ဒုံးကျည်တွေကို အစားထိုးဖို့ ရည်ရွယ်ထားတာပါ။ Ref: IEကိုထက် 

Leave a Reply

Your email address will not be published. Required fields are marked *