Los Angeles မြောက်ပိုင်းတွင် ပြင်းထန်သော တောမီး ထပ်မံလောင်ကျွမ်းပြန်

ဇန်နဝါရီလ ၂၂ ရက်

လော့စ်အိန်ဂျလိစ် မြောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က ပြင်းထန်သော တောမီးအသစ်တစ်ခု ထပ်မံလောင်ကျွမ်းခဲ့ပြီး လူပေါင်း သောင်းနှင့်ချီ၍  ဘေးလွတ်ရာသို ရွှေ့ပြောင်းခဲ့ရတယ်လို့သိရပါတယ်။

ပြင်းထန်သောမီးတောက်များသည် Castaic Lake အနီးရှိ တောင်ကုန်းများကို လောင်ကျွမ်းခဲ့ပြီး ဟက်တာ ၃၈၀၀(ဧက ၉၄၀၀) ကျော်ကို နာရီအနည်းငယ်အတွင်း လျင်မြန်စွာ ပျံ့နှံသွားခဲ့တဲ့အတွက် Los Angeles ၏မြောက်ဘက် ၅၆ ကီလိုမီတာ(၃၅ မိုင်) နှင့် Santa Clarita မြိုအနီးရှိ Castaic Lake ရေကန်တစ်ဝိုက်နေထိုင်သူ လူ ၃၁၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် သက်ဆိုင်ရာက အမိန့်ပေးခဲ့တယ်လို့လည်းသိရပါတယ်။#crd

Leave a Reply

Your email address will not be published. Required fields are marked *