ဘူရွန်ဒီနိုင်ငံရှိ ကလေးများအကြား mpox ကူးစက်ပျံ့နှံလျက်ရှိပြီး ယင်းသေဆုံးစေနိုင်သည့် ကူးစက်ရောဂါသည် လူငယ်လူဦးရေအကြား ကူးစက်မှုနှုန်း စိုးရိမ်ဖွယ်မြင့် တက်နေသည်ဟု ကုလသမဂ္ဂ၏ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) က စက်တင်ဘာ ၂၀ ရက်တွင် သတိပေးပြောကြားခဲ့ပါတယ်။
“ကူးစက်ခံရသူ ၆၀၀ နီးပါးရဲ့ သုံးပုံနှစ်ပုံဟာ အသက် ၁၉ နှစ်အောက်ကလေးတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ သုံးပတ်ကျော်လောက်က အခြေအနေတွေဟာ အလျင်အမြန် မြင့်တက်လာကာ ကူးစက်မှု ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်”ဟု အာဖရိကအရှေ့ပိုင်းနှင့်တောင်ပိုင်းဆိုင်ရာ UNICEF ၏ ဒေသဆိုင်ရာကျန်းမာရေး အကြံပေး ဒေါက်တာပေါလ်အန်ဝါကူမ်ကပြောကြားခဲ့တယ်လို့သိရပါတယ်။
မိဘပြည်သူများအနေနဲ့လည်း mpox ရောဂါကူးစက်ခြင်းမှရှောင်ရှားနိုင်ဖို့ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းတွေကို သတိပြုလိုက်နာဆောင်ရွက်ကြပါလို့ အသိပေးနှိုးဆော်လိုက်ပါတယ်နော်.။
#Crd

