တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ထိုင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် Mr. Chatchai Bangchuad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်နှင့်အတူ ဒုတိယအတွင်းရေးမှူးချုပ်၊ ထိုင်းဘုရင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ်နှင့် ထိုင်းနိုင်ငံမှတာဝန်ရှိသူများတက် ရောက်ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် (၉)ကြိမ်မြောက် ထိုင်း-မြန်မာတပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများကော်မတီ (9th High Level Committee -9th HLC) အစည်းအဝေးကို…