ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် နောင်ချိုမြို့၊ ရေမောင်းတန်းရွာအနီးတွင် နေဝန်းနီဖိုက်တာစစ်ကြောင်းများနှင့် အကြမ်းဖက် TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီခန့်တွင် ရန်သူများ ထွက်ပြေးသွားသဖြင့် ပစ်ခတ်မှုရပ်တန့်သွားခဲ့ရာ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA အလောင်း ၄ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်
- Type-81 သေနတ် ၂ လက်
- M-79 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်/လက်ပစ်ဗုံးများ
(၄) ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ
(၅) ကျည်ကာအင်္ကျီ/ ကျည်ကာဦးထုပ်များ
(၆) ယူနီဖောင်း/ ကျောပိုးအိတ်များအား သိမ်းဆည်းရရှိခဲ့ပါသည်။







