ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တောင်ခမ်းဒေသရှိ ဒေသခံများအား ဆက်ကြေးကောက်၊ ဓားပြတိုက်၊ ခိုးဆိုးလုဝှက်၊ နှောင့်ယှက်အကြမ်းဖက်နေတဲ့ ရန်သူ ၄၀ ခန့်အခြေပြု စခန်းပုန်းအား ကင်းထောက်တွေ့ရှိပြီး Drone များ၊ အမြောက်များဖြင့် ကြိုတင်ချေမှုန်းကာ မြေပြင်တပ်ဖြင့် ဝင်ရောက်ရှင်းလင်းခဲ့။
တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ပြီး ရန်သူမှာ ရင်ဆိုင် မတိုက်တော့ဘဲ ၎င်းတိုကျဆုံးအလောင်း/လက်နက်များကို 4wheel ကား ၂ စီးပေါ်တင်ကာ ထွက်ပြေးသွားခဲ့ပါတယ်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့စခန်းကုန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရ။ #crd





