ရေဘေးဒုက္ခရောက်နေတဲ့ နေရာတွေကို နိုင်ငံတော်၀န်ကြီးချုပ်ကိုယ်တိုင် သွားရောက်ပြီး အားပေးတယ်။
အဲဒီအချိန်မှာ ဒေသခံ အဘွားအိုတစ်ဦးက နိုင်ငံတော် ၀န်ကြီးချုပ်ကို သူ့အိမ်မှာ ရှိတဲ့ ရေနွေးလေးကျိုပြီး ဧည့်ခံတယ်။
အဘွားအိုကမ်းပေးတဲ့ ရေနွေးခွက်လေးကို ၀န်ကြီးချုပ်ကလှမ်းယူရင်း သောက်လိုက်တော့
အဘွားအိုက
“ငါတို့၀န်ကြီးချုပ်က ငါတို့ကိုအဆင့်အတန်းမခွဲခြားဘူးပဲ” လို့ပြောဆိုပြီး ၀မ်းသာနေလေရဲ့။
မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန်တော့ရှိပါတယ်။
CRD