ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင်လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်း အသိပေးထုတ်ပြန်အပ်သည်။ ကျော်မိုးထွန်းသည် နိုင်ငံတော်မှပေးအပ်သောအမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင်အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအားနိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal) ခဲ့ပြီးဖြစ်သည်။ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီးဖြစ်သော်လည်း ကျော်မိုးထွန်းသည် နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင်အဖွဲ့ရုံးရှိ ရုံးခန်းနေရာ၊…