မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အတွင်းရတနာ မပျက်ပါစေနဲ့🌷

အိမ်ဘယ်လောက်ကောင်းကောင်း
စစ်လက်နက်ဘေးနဲ့တွေ့ရင်
တစ်စစီ ကျိုးပဲ့ပျက်စီးကြရတယ် ။

ဖုန်းဘယ်လောက်ကောင်းကောင်း
ဆယ်သွယ်မှု‌ ဧရိယာပြင်ပ
ရောက်သွားရင် အဖိုးမတန်တော့ဘူး ။

ကားဘယ်လောက်ကောင်းကောင်း
ရေးဘေးဒုက္ခကြုံလာရင်
အပိုသက်သက် အကျိုးမဖြစ်တော့ဘူး ။

ရွှေငွေတွေဘယ်လောက်ပေါပေါ
ကုမရတဲ့ရောဂါနဲ့ဆိုရင်
ကယ်ဖို့ရန်အတွက် မဖြစ်နိုင်တော့ဘူး ။

ဘယ်လောက်ပဲ ပြည့်စုံပြည်စုံ
စိတ်ချမ်းသာမှု မပြည့်စုံဘူးဆိုရင်
ပိုင်ဆိုင်မှုဆိုတာ အပေါ်ယံသက်သက်ပါ ။

ဘယ်လောက်ပင် အခြံရံရှိရှိ
နွေးထွေးကြင်နာမှုတွေ မရှိကြဘူးဆိုရင်
လူများလို့ စိတ်ညစ်စရာဖြစ်ရရုံပါ ။

ဘယ်လိုပင် လူဖြစ်တယ်လို့ဆိုဆို
ကောင်းမှုကုသိုလ်တွေ မပြုကြဘူးဆိုရင်
လူဖြစ်ရကျိုးဟာလည်း မနပ်လှပါဘူး ။

အပြင်လောကကတော့
နေရာတိုင်းမှာ အစိုးမရတဲ့အတွက်
ပျက်စီးနေကြမှာ သေချာပါတယ် ။

အတွင်းလောကတော့
ကိုယ်တိုင်ဖျက်မှ ပျက်နိုင်တဲ့အတွက်
အကျင့်မပျက်အောင်ဂရုစိုက်ဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

ချစ်ခြင်းများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်