နိုင်ငံတကာ ကလေးငယ်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ပြီး ကလေးငယ်တွေကို လက်နက်ကိုင်ခိုင်းပြီး အသုံးချအနေနဲ့ ပြုလုပ်လာတဲ့ KNU/KNLA , MNDAA , UWSA , TNLA , KIA , AA နဲ့ PDF အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား။။။
ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိရဘူးဆိုသလို ဘက်မလိုက်ရေးမူဝါဒအတိုင်း မှန်မှန်ကန်ကန်ကျင့်သုံးဖို့တော့လိုတယ်။
ခုလိုအရွယ်ကလေးငယ်တွေဟာ စာသင်ခန်းထဲမှာ အေးအေးချမ်းချမ်းနဲ့ ပညာသင်နေရမယ့်အရွယ်ဖြစ်ပြီး နိုင်ငံတော်အတွက် အနာဂါတ်ရတနာတွေပါ…
ဒါကို တိုင်းရင်းသားအမည်ခံလက်နက်ကိုင်အကြမ်းဖက်တွေနဲ့ NUG လက်အောက်ခံ PDF တွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အမှန်အတိုင်းရှုမြင်ပြီး ကလေးသူငယ်ဆိုင်ရာဥပဒေချိုးဖောက်မှုတွေကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတဲ့ အကြမ်းဖက်တွေကို ဖော်ထုတ်ပြီး အလေးထားအရေးယူဆောင်ရွက်ဖို့လိုပါတယ်။