အကြမ်းဖက် PDF များမှ ကျောင်းကား ၁ စီး အား ပစ်ခတ်တိုက်ခိုက်

-ဇွန်လ ၄ ရက် ၀၇၁၅ နာရီတွင် လောင်းလုံးမြို့၊ (က)ရပ်ကွက်နေ သက်ပိုင်မျိုး(၁၄)နှစ်နှင့် အဒေါ်ဖြစ်သူ ဒေါ်စိမ်းစိမ်းလဲ့ (၄၇)နှစ်တို့သည် ဦးနေဇာထွေး မောင်းနှင်သော ယာဉ်အမှတ်၊ 3Q/9633 ARTIGA(အဖြူရောင်) ယာဉ်ဖြင့် ကျောင်းသား/သူ ၇ ဦးတို့အား ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ပို့ဆောင်စဉ် လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာ အရောက်၌ အကြမ်းဖက်သူ ၅ ဦးခန့်မှ တားဆီးသဖြင့် မော်တော်ယာဉ်အား မောင်းနှင်ထွက်ပြေးခဲ့သောကြောင့် အကြမ်းဖက်သူများမှ သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ် ခဲ့ကြောင်း၊ အကြမ်းဖက်သူများ၏ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် သက်ပိုင်မျိုးတွင် ဝဲတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ထားဝယ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။