အကြမ်းဖက် ၇ လောင်း ၄ လက်ရလိုက်တဲ့တိုက်ပွဲ

ဇွန်လ ၄ ရက်နေ့၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ သာယာကုန်းရွာအနီးတဝိုက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်တွင် စစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူများကတော့ အထိခိုက်ကျဆုံးများစွာနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။ ရန်သူ့ထံမှ –
(၁) AA အလောင်း ၇ လောင်း
(၂) မောင်းပြန်ရိုင်ဖယ် ၄ လက်
(၃) RPG ဗုံးသီး ၄ လုံး
(၄) ကျည်အိမ် ၄ ခု
(၅) ကျည်မျိုးစုံ ၂၅၀ တောင့်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။