🌷နှစ်ပြောင်းမှာ အကျင့်ကောင်းပါစေ🌷
လူတိုင်းကတော့
အကျိုးရလာဒ်အကောင်းတွေရယ်
အဆင်ပြေချမ်းသာမှုတွေရယ်ကိုပဲ
လိုချင်နေကြတာ ချည်းပါပဲ ။
ဒါတွေဟာ
ဆုတောင်းနေလို့ အလိုလို
ဖြစ်လာကြမှာတော့ လုံး၀မဟုတ်ပါဘူး ။
ကောင်းတဲ့အလုပ်ကို လုပ်မှသာ
ကောင်းတဲ့အကျိုးကို ရရှိမှာဖြစ်သလို
စိတ်ကောင်းနှလုံးကောင်းရှိမှလည်း
အရာရာမှာ အထက်တန်းကျနိုင်ပါတယ် ။
နှစ်တွေ ရက်တွေပြောင်းပေမယ့်
အကျင့်စာရိတ္တတွေ မပြင်မပြောင်းရင်ဖြင့်
ထူမခွားနားတဲ့ လူသားပါပဲ ။
အသက်ကြီးလာတာနှင့်အမျှဟာ
အသိဥာဏ်တိုးဖို့ လိုအပ်သလို
စိတ်ရင့်ကျက်မှုတွေများစွာရှိဖို့လည်း
မိမိဘ၀အတွက် လိုအပ်ပါတယ် ။
အကုသိုလ်အညစ်ကြေးတွေကို
မဆေးကြော မသန့်ရှင်းနိုင်ဘူးဆိုရင်
မီးဖိုချောင်ထဲက အနှီးစုတ်လိုပဲ
ကိုယ့်ဘ၀ဟာ မည်းညစ်နေအုံးမှာပါ ။
ဒါကြောင့် ဓမ္မမိတ်ဆွေများအားလုံး
ဘယ်အရွယ် ဘယ်နှစ်ထဲရောက်ပါစေ
ကုသိုလ်ပါမှ ဘ၀အဓိပ္ပါယ်ရှိတယ်လို့
နားလည်ထားကြဖို့တော့ လိုပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏