ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံ၊ ဂိုရာပြည်နယ်၏ မြို့တော် ဂိုရာနီရှိ Federal University of Goiás (UFG) မှ နိုင်ငံတကာ ဆက်ဆံရေးဌာန၊ ပါမောက္ခ Dr. Lais Forti Thomas ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၆ ရက်တွင် Federal University of Goiás သို့ သွားရောက်၍ တက္ကသိုလ်၏ Dean ဖြစ်သူ Prof. Angelita Pereira de Lima နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် UFG တို့အကြား သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မည့် အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါတယ်..။


