လန်ဒန်က မြန်မာသံရုံးနေအိမ်ကနေ မဖယ်ပေးဘဲ အတင်းပေကပ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ နစကအစိုးရတက်လာပြီး လအနည်းငယ်အကြာမှာ ဦးကျော်စွာမင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် သံရုံးအတွင်း ဝင်ရောက်ခွင့်မရတော့သလို နစကအစိုးရဘက်ကလည်း သံတမန် ကိုယ်စားလှယ်တွေနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်စွာမင်းကို သံတမန်ရေးရာဌာနကို အတင်းလုယူထားတဲ့ ပိုင်နက်ကျူးလွန်မှုနဲ့ ပြီးခဲ့တဲ့ အပတ်က စွဲချက်တင်ထားတာဖြစ်တယ်လို့…