၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် ညနေ ၄ နာရီ ခွဲခန့်တွင် ကျွန်းလှမြို့နယ် သစ်ရာမြိုင်ရပ်ကွက်တွင် နေထိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၂ ဉီးနှင့် ကလေးငယ် ၁ ဉီးတို့သည် မိသားစု စားဝတ်နေရေးအတွက် ကုန်စိမ်းများ ရောင်ချပြီး ပြန်လာစဉ် ကြာတကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက ကောက်ကျစ်ယုတ်မာစွာ ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်..
PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးနှင့် ကလေးငယ် ၁ ဦးတို့မှာ မိုင်းစထိမှန်ဒဏ်ရာများစွာရရှိခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ မိုင်းစထိမှန်ဒဏ်ရာရှိခဲ့သူများအား ဒေသခံပြည်သူများက ကျွန်းလှမြို့ပြည်သူ့ ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။.