၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားကျင်းပပြုလုပ်ပုံများကို ယင်းနေ့ နံနက် ၅နာရီ ၄၅မိနစ်မှ စတင်ပြီး ရုပ်သံလိုင်း ၄ခုတွင် တိုက်ရိုက် ( Live ) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ဤယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို ယခင်ထုတ်ပြန်ခဲ့ပြီးသော ရုပ်သံလိုင်း ၄ခုတွင်သာမက MRTV News Channel, MRTV Parliament Channel, MITV, Readers Channel, Skynet Up To Date Channel နှင့် Skynet Tine Yin Thar Channel ရုပ်သံလိုင်း ၆ခုတွင်လည်း ထပ်မံတိုးချဲ့၍ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသောကြောင့် ရုပ်သံလိုင်းစုစုပေါင်း ၁၀လိုင်းတွင် မိဘပြည်သူများ ကြိုတင်သိရှိနိုင်စေရန် ကြိုတင်သတင်းကောင်းပါးအပ်ပါသည်။
Related Posts
လေ့ကျင့်ကျွမ်းကျင် အောင်ပွဲဆင်နိုင်ဖို့
- admin
- August 14, 2024
တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်သင်တန်းသားများအနေဖြင့် MA-13 လက်တွေ့ လေ့ကျင့်ပစ်ခတ်နေမှုများပဲ ဖြစ်ပါတယ်။ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်နိုင်မှာမို့ […]
ကရင်နှစ်သစ်ကူးနေ့ကိုကြိုဆိုပါ၏
- အေးခင်
- January 11, 2024
ယနေ့ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျရောက်သော ကရင်နှစ်သစ်ကူးအခါသမယမှ စတင်ကာ ကရင်ပြည်နယ်ကြီး ထာဝရငြိမ်းချမ်းရေးရရှိပြီး ကရင်တိုင်းရင်းသားညီအကိုမောင်နှမအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြကာ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေ…
အကြမ်းဖက်PDF ရှုတ်ချပွဲအား ကျောက်တံခါးမြို့တွင်ပြုလုပ်
- admin
- December 5, 2023
ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့တော်ခန်းမရှေ့မှာ အေးချမ်းစွာနေထိုင်လိုတဲ့ပြည်သူများမှ အကြမ်းဖက် NUGနဲ့ ၎င်းလက်အောက်ခံ PDF လူသတ်သမားများကိုရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရပါတယ်။ […]