“ပရ”ဆိုတာမိမိမှတစ်ပါးအခြားသူတွေကိုပြောတာ။“ဟိတ”ဆိုတာအကျိုးစီးပွား၊အကျိုးတရားတွေကိုဖြစ်စေတတ်တဲ့အကြောင်းတရားပဲ။အခြေအနေကောင်းတွေကိုဆိုလိုတာ။ဥပမာ-စိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်တစ်ဦးဟာစိုက်ပျိုးရေးအောင်မြင်ဖို့ မြေကောင်း၊ရေကောင်း၊ရာသီဥတုကောင်းရမယ်။ဒီလိုအခြေအနေကောင်းရှိမှ အကျိုးဖြစ်ထွန်းမှာဖြစ်သည်။လောကလူတွေဟာ ကိုယ်ကျိုးမငဲ့ပဲသူတစ်ပါးအကျိုး(ပရဟိတ)လုပ်တာကို ဂုဏ်ယူပြောဆိုနေကြတယ်။ပရဟိတတစ်မျိုးတည်းနဲ့ လူ့ဘဝကိုဖြတ်သန်းခြင်းသည် မှန်ကန်မှုရှိသလားဆိုတာလေ့လာကြည့်သင့်သည်။ပရဟိတအကြောင်းကို လေ့လာပါက အတ္တဟိတကိုလည်း လေ့လာရမည်ဖြစ်ပေသည်။အတ္တဟိတနဲ့ပရဟိတအကြောင်းကို“ဆဝါလာတသုတ်”မှာမြတ်စွာဘုရားကပုဂ္ဂိုလ်(၄)မျိုးခွဲခြား၍ ဟောကြားထားတာရှိပါတယ်။(၁) မိမိအကျိုးကိုသာလုပ်ပြီး သူတစ်ပါးအကျိုးမလုပ်သူ(၂ ) အများအကျိုးလုပ်ပြီး […]