ရခိုင်ပြည်နယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ငြိမ်အေးချမ်းခဲ့တဲ့ ပြည်နယ်တစ်ခု ၂၀၁၂ ခုနှစ်မှာ မသီတာထွေး ကိစ္စနဲ့ပတ်သက်ပြီး အရေးခင်းဖြစ်တော့ တာဝန်ရှိသူတွေက အချိန်တိုအတွင်းမှာ ထိန်းချုပ်နိုင်ခဲ့လို ပြန်လည်တည်ငြိမ်ခဲ့တယ်၊ ဒီအချိန်မှာ AA ဆိုတာ KIA ရဲ့ နယ်မြေထဲမှာ ဖွဲစည်းထားပြီး KIA အတွက် တိုက်ပေးနေရတဲ့ အချိန် ၂၀၁၅ လောက်မှာတော့ ရခိုင်ပြည်နယ်ထဲကို AA ခြေချလာပြီးတော့ လူမျိုးရေးကို အခြေခံပြီး အင်အားကြီးထွားလာအောင်လုပ်ခဲ့တယ်။
ဒါပေမယ့် ၂၀၁၇ ရခိုင်မှာ အရေးခင်းဖြစ်တော့ ရခိုင်လူမျိုးအတွက်လို ကြွေးကြော်ထားတဲ့ AA က ရခိုင်ပြည်သူတွေကို ဘာမှ ကာကွယ်မပေးခဲ့ဘဲ တပ်ကပဲ ရခိုင်ပြည်သူတွေကို ကာကွယ်ပေးခဲ့တာ တွေ့ရတယ်၊ AA ကတော့ ARSA နဲ့ ပူးပေါင်းနေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့တယ်၊ ARSA ရဲ့ ရန်ကို တပ်က ကာကွယ်တိုက်ထုတ်ပြီး ရခိုင်ပြည်နယ်အေးချမ်းရေး ပြန်လည်တည်ဆောက်နေချိန်မှာပဲ ဇာတ်မြှုပ်နေတဲ့ AA က နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ပြီး ရခိုင်ပြည်နယ် မတည်ငြိမ်ရေး ဇာတ်လမ်းစလို တပ်နဲ့ AA တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်လာခဲ့တာ သွားတွေ့ရတယ်။
AA ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ရာစုနှစ်ငါးဆယ်ကျော်က ပဒေသရာဇ်ခေတ်အကြောင်းတွေနဲ့ လက်ရှိကျွန်ဖြစ်နေတယ် ရက္ခိုင့်ဘုရင့်နိုင်ငံထူထောင်မယ်၊ 2020 Arakan Dream လို ယုံကြည်အောင် ပြည်သူတွေကို ပြောဆိုစည်းရုံး အသုံးချခဲ့တယ်။
ဒီနေရာမှာ ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာဌေးလိူင်(ရူပဗေဒ)ရဲ့ သဘောထားအမြင် စာလေးကို အကျဉ်းချုပ်ပြောပြရစေ “(၂၁)ရာစုမှာနေပြီး (၁၈)ရာစုကို တမ်းတ သက်ဦးဆံပိုင် ဘုရင်စနစ်ကို လွမ်းပြနေတာကို နိုင်ငံရေးလုပ်တယ်လို ထင်နေကြတဲ့ သူတွေကြောင့် ခက်နေတာ ဒီလိုလူတွေကြောင့် အမုန်းတရားကိုသာ ကြီးထွားလာစေတယ် ကိုယ့်ဒေသ တိုးတက်ရာ တိုးတက်ကြောင်းကိုမပြောဘဲ အမုန်းတရားမှိင်းတွေနဲ့ (၂၁)ရာစုကို ဘယ်လိုရင်ဆိုင်မလဲ ရခိုင်ကသာ ဗမာကျွန်ဆိုရင် ယနေ့ နာမည်ကြီးနေတဲ့ ရခိုင်လူမျိုး သရုပ်ဆောင်တွေ၊ ပါမောက္ခတွေ၊ ဝန်ကြီးတွေ ဆိုတာ ဖြစ်မလာတော့ဘူး”လို ဆိုထားတာ တွေ့ရတယ်။
AA ခေါင်းဆောင်တွေ ကြွေးကြော်ခဲ့တဲ့ ရက္ခိုင့်အိပ်မက် Arakan Dream ဆိုတာလည်း ၂၀၂၀ နှစ်လယ်ပိုင်းမှာစပြီး တိုက်ပွဲကာလရှည်ကြာလာတာနဲ့ အမျှ ယိုင်လဲတော့မယ့် အခြေအနေရောက်လာခဲ့တယ်၊ နှစ်ကုန်ပိုင်းမှာ နှစ်ဖက်သဘောတူညီမှုနဲ့ အပစ်ရပ်ပြီးနောက်မှာတော့ တိုက်ပွဲအတွင်း ဒုက္ခရောက်ခဲ့တဲ့ တိုက်ပွဲရှောင်အချိုလည်း နေရပ်ပြန်သင့်သလောက်ပြန်သွားကြပြီး အေးအေးချမ်းချမ်းနဲ့ ထူထောင်ရေးလုပ်ဖို ကြံရွယ်ချိန်မှာ NUG နဲ့ သဘောတူညီမှုတစ်ခု ရယူထားခဲ့တဲ့ AA ဟာ အနောက်တံခါးဘက်မှာ တိုက်ပွဲတွေပြန်လည်ဖန်းတီးလို လက်ရှိအချိန်မှာ ပြည်သူတွေ ထပ်မံဒုက္ခရောက်ပြန်တယ်၊ စိုက်ထားတဲ့ စပါးတွေတောင် ရိတ်သိမ်းဖိုခက်ခဲနေကြတယ်။
နောက်ဆုံးပြောရရင် တိုက်ပွဲတွေဖြစ်ပွားမှာကို ဘယ်ပြည်သူမှ မလိုလားဘူး အေးအေးချမ်းချမ်းနဲ့ နေထိုင်လုပ်ကိုင်စားသောက်ချင်ကြတယ်၊ AA ခေါင်းဆောင်တွေက လွဲနေတဲ့ လမ်းကြောင်းကြီးကို လိုက်ပြီး ရက္ခိုင်ပြည်ကိုတောင် ခြေမချ ပြည်ပမှာ ဆက်ပြီးအိပ်မက် မက်နေဦးမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်အရေး ရင်လေးစရာပါပဲလို ပြောပါရစေ။