ကော်ဖီပုံမှန်သောက်တာက ခန္ဓာကိုယ် တည်ဆောက်ပုံ၊ ဇီဝဖြစ်စဉ်နဲ့ ဟော်မုန်းပမာဏအပေါ် ထူးခြားတဲ့ပြောင်းလဲမှုတွေဆက်စပ်ဖြစ်ပေါ်နေတယ်လို့ ဖင်လန်နိုင်ငံအူးလုတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အသစ်မှာဖော်ပြထားပါတယ်။ အဲဒီလေ့လာမှုမှာ အသက် ၄၆ နှစ်အရွယ်ရှိသူ ၂၂၆၄ ဦးရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ဆန်းစစ်ခဲ့ကြတာပါ။ သုတေသနတွေ့ရှိချက်အရ ကော်ဖီကိုပိုသောက်သူတွေက ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်းတူညီနေရင်တောင် ကော်ဖီကိုမသောက်သူတွေထက် စုစုပေါင်းခန္ဓာကိုယ်အဆီနဲ့ ဝမ်းဗိုက်အတွင်းကလီစာအဆီနည်းပါးပြီး အရိုးစုကြွက်သားထုပိုများကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချို ရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ Branched-Chain…