အဝလွန်ခြင်းဆိုတာ ကိုယ်အလေးချိန် တစ်ခုတည်းနှင့်
အဝလွန်/မလွန် ဆုံးဖြတ် မရပါဘူး။
မိမိအရပ်နဲ့ သင့်တော်မယ့် အလေးချိန် ရှိ/ မရှိ ခန္ဓာကိုယ်
အလေးချိန်ပြညွှန်းကိန်း (BMI)ကို အသုံးပြုပြီး တွက်ချက်
မှသာ အဝလွန်/မလွန် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရာတွေ
ကတော့ အဆီများသော အစားအသောက်များ/အချိုများ
သော အစားအသောက်များ စားသောက်ခြင်း၊ လေ့ကျင့်ခန်း
ပုံမှန် မလုပ်ခြင်းနဲ့ မျိုးရိုးဗီဇနဲ့ ရောဂါဖြစ်ပွားမှု၏ နောက်
ဆက်တွဲ ဆိုးကျိုးတွေ အနေနဲ့လည်း ဖြစ်တတ်ပါတယ်။
အဝလွန်တဲ့သူတွေဟာ သွေးတိုးရောဂါ၊ နှလုံးနှင့်ဆိုင်သော
ရောဂါ၊ သွေးတွင်းအဆီဓာတ်များသော ရောဂါ၊ ဆီးချိုရောဂါ၊
အသည်းအဆီဖုံးခြင်း၊ မောပန်းလွယ်ခြင်း၊ ကင်ဆာရောဂါများ၊
အမျိုသမီး များအတွက် ကလေးရရှိရန် မလွယ်ကူခြင်း၊ မိမိ
ကိုယ်ကို ယုံကြည်မှု အားနည်းခြင်း၊ စိတ်ကျရောဂါ စတဲ့
ရောဂါပေါင်း သောင်းခြောက်ထောင်ကို ဖြစ်ပွားစေပါတယ်။
မိမိအရပ်နဲ့ သင့်တော်မယ့် ကိုယ်အလေးချိန်ကို ထိန်းသိမ်း
ထားခြင်းဖြင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
ကိုယ်အလေးချိန်(ပေါင်)×၇၀၃÷အရပ်အမြင့်(လက်မ)= BMI ဖြစ်ပါတယ်
BMI က ၂၀ အောက်မှာဆိုရင် ပုံမှန်အောက်
BMI က ၂၀ မှ ၂၅ ဆိုရင် ပုံမှန်
BMI က ၂၅ မှ ၃၀ ဆိုရင် ပုံမှန်ထက်များ
BMI က ၃၀ အထက်ဆိုရင် အဝလွန်ခြင်း ဖြစ်ပါတယ်။
BMI တွက်နည်းကို ပုံမှာ ဖော်ပြထားလို မိမိအရပ်နဲ့ အလေးချိန်ကို
သိရုံနဲ့ BMI ကိုက်/မကိုက် အလွယ်တကူ ကြည့်လို့ရမယ့် ဇယား
ကိုလဲ ဖော်ပြထားပါတယ်။
မိမိက အလွန်နေပြီဆိုရင်တော့ ကိုယ်အလေးချိန် လျှော့ချဖို့
လိုနေပါပြီ။ ကိုယ်အလေးချိန် လျှော့ချမယ်ဆိုရင်တော့ လေ့ကျင့်
ခန်း ပုံမှန်လုပ်တာ လမ်းလျှောက်တာတွေ လုပ်ရပါမယ်။
မိမိစားနေကျ ပမာဏထက် လျှော့စားတာ၊ အသီးအရွက်ကို
ကြော်မစားဘဲ ပြုတ်စားတာ၊ အဆီများတဲ့ အစားအစားကို
ရှောင်တာနဲ့ ရံဖန်ရံခါ မီးခိုးတိတ် ရက် သတ်မှတ်ပြီး အစား
ရှောင်ခြင်းများ ပြုလုပ်ရပါမယ်။
ပိန်ဆေးများသုံးစွဲခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ဖြင့် အဝလွန်
ခြင်းကို လျှော့ချနိုင်ပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးများစွာ ရှိပါတယ်။
လေ့ကျင့်ခန်းပုံမှန်ဆောင်ရွက်ခြင်းနှင့် စားသောက်မှုပုံစံ
ပြောင်းလဲခြင်းကသာ မှန်ကန်တဲ့ ကိုယ်အလေးချိန် လျှော့ချ
ခြင်း ဖြစ်ပါတယ်။
အဝလွန်တဲ့သူများ ကိုယ်အလေးချိန် လျှော့ကျပြီး
ကျန်းမာလှပကြပါစေ။
# အဝလွန်ခြင်းအကြောင်းသိကောင်းစရာ
# ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး