Breaking News

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိလာသည့် ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့ဝင်များအား  ယနေ့  ညနေပိုင်းတွင် […]

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့  အလုပ်သဘော ခရီးရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီး လာရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့  လိုက်ပါလာသော အထူးလေယာဉ်သည် ယနေ့ညနေပိုင်းတွင်  […]

သတင်းမှန်ပြန်ကြားခြင်း

မြန်မာနိုင်ငံရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးလှိုင်သည် ရဲချုပ်တာဝန် ၃၀-၆-၂၀၂၆ ရက်ထိ တာဝန်ထမ်းဆောင်လျှက်ရှိပါကြောင်း ဆန်ကျင်ဘက် ပြည်ပြေးနယ်ချဲ့လက်သစ်မီဒီယာများက ရဲချုပ်အား ကစထ ၃ မှူးအဖြစ် ခန့်အပ်လိုက်သည်ဆိူသည့် သတင်းမှာ သတင်းမှားသာဖြစ်ပါကြောင်းသတင်းမှန်ပြန်ကြားအပ်ပါသည်။

အောင်ပွဲတွေနဲ့အတူ နေအိမ်ရှိရာသို ပြန်ရောက်လာခဲ့ပြီ

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၃)မှာ နိုင်ငံတော်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး အောင်ပွဲတွေနဲ့အတူ နေအိမ်ရှိရာသို့ ပြန်ရောက်လာခဲ့ပြီဖြစ်တဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စုက ပြည်သူ့စစ်မှုထမ်း နိုင်ငံသားကောင်းရတနာအား ပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တဲ့ မြင်ကွင်း။

ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများအတွက် တပ်မတော်ချစ်မြတ်နိုးသူများက ထမင်းကြော်၊ ပုစွန်ခြောက်ကြော်နှင့် စမူဆာဂုဏ်ပြုပါသည်။

ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများအတွက် တပ်မတော်ချစ်မြတ်နိုးသူများက ထမင်းကြော်၊ ပုစွန်ခြောက်ကြော်နှင့် စမူဆာဂုဏ်ပြုပါသည်။

တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။  ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား အဆိုပါကျေးရွာရှိ YGW ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်၌ အခြပြု၍ သာသနာနွယ်ဝင် သီလရှင် ၁ ပါးနှင့် ဒေသခံပြည်သူ စုစုပေါင်း ၉၉ ဦးတို့ကို အရိုးရောဂါ၊ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ […]

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ – ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ […]

အကြမ်းဖက်သမားများကို ချေမှုန်းသုတ်သင်ပြီး အောင်ပွဲနှင့်အတူပြန်လာကြတဲ့ အောင်ပွဲရတပ်မတော်သားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တပ်မတော်သားမိသားစုဝင်များက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဟိုမိန်းဒေသတစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများတက်ရောက်ကြသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် […]