အချိန်က ည ၇ နာရီခန့်ဖြစ်သည်…
တကက/စရ ကျော်ငြိမ်း မောမောနဲ့ ရုံးကနေ အိမ်ပြန်ရောက်လာတဲ့အချိန်
“မိန်းမရေ ဘာဟင်း ချက်လဲဟေ့
ဗိုက်ဆာတယ်ကွာထမင်းခူး ၊
ရေးချိုးပြီးရင် လွေးမယ်ဟေ့”
အဆင်သင့်ပဲ တော်ရေ
ရှင့်အတွက် ပြင်ထားပြီးသား”
အဲ့ဒါတွေကြောင့် ငါမိန်းမကို ချစ်နေရတာ´
ဟိုဖက်ခန်းက ဇွန်းသံ ပုဂံ ကြားနေရပါ့လား
ငါသူငယ်ချင်း အောင်သိန်းကြွယ်
အစောကြီး အိမ်ပြန်ရောက်ပြီး
ထမင်းစားနေပြီနဲ့တူတယ်ဆိုပြီး
ကျော်ငြိမ်း တစ်ယောက်
တကက/စရ အောင်သိန်းကြွယ်ဆီ
လှမ်း ခေါ်လိုက်ချိန်
“ဟေ့ အောင်သိန်းကြွယ်”
တစ်ဖက် အခန်းဆီက လှမ်းကြားလိုက်တာက…
“အင်း စားကောင်းတယ် အောင်သိန်းကြွယ်
စားကောင်းတယ်လို့”
“ဟာ ဘာတုန်းဟ မင်းကို စားပြီးပြီလား လှမ်းမေး
မလိုဟာကို မင်းက ဘာတွေ ပြန်ပြောနေတာလဲ”
မနေ့က စားမကောင်းဘူးဆိုတာ နောက်တာလိုစ်
အရင်ကလည်း အောင်သိန်းကြွယ် စားကောင်းတယ်
အခုလည်း အောင်သိန်းကြွယ် စားကောင်းပါတယ်ဗျ´
ဒီကောင် ဘာဖြစ်နေလို့ ဒီလို ပြောပါလိမ့် ဆိုတဲ့
အတွေးနဲ့ ကျော်ငြိမ်း တစ်ယောက် သူငယ်ချင်း
အောင်သိန်းကြွယ် ရှိရာ အခန်းဖက်ဆီ
သွားလိုက်ချိန် တွေ့လိုက်ရတဲ့ မြင်ကွင်းတစ်စုံက…
မျောက်အို ဝါးကိုင်းရိုက်မိထားတဲ့ မျက်နှာနဲ့
အောင်သိန်းကြွယ် တစ်ယောက်
ထမင်းစားနေတာ တွေ့လိုက်ရတော့´
ရယ်ချင်နေတဲ့ စိတ်ကို ထိန်းပြီး
သြော် သဘောပေါက်ပြီး ဆိုပြီး
ပြန်လှည့်လာလိုက်တယ်
သူမိန်းမကလည်း ခုံပေါ်ကနေ
ထမင်းစားနေတဲ့ ယောင်္ကျားကို ထိုင်ကြည့်နေတာကိုး😝
သြော် မင်းဘဝကလည်းကွာ😁
crd; တောပလု