IRON လူတူစက်ရုပ်မှာ ထိတွေ့အာရုံခံကိရိယာ ၁၅၀၀ ကျော် တပ်ဆင်ထား

တရုတ် XPeng ကုမ္မဏီ ဟာ IRON အမည်ရှိ လူတူစက်ရုပ်အသစ်ကိုမိတ်ဆက်လိုက်ပြီး စက်ရုပ်ခန္ဓာကိုယ်မှာ ထိတွေ့မှုကိုအာရုံခံနိုင်တဲ့ ကိရိယာ ၁၅၀၀ ကျော် တပ်ဆင်ထားပါတယ်။ စက်ရုပ်ဟာ လှုပ်ရှားမှုအဆင့် ၇၆ မျိုးအထိ လုပ်ဆောင်နိုင်ပြီး ၂၀၂၇ ခုနှစ်မှာ ကုမ္ပဏီရဲ့ အရောင်းပြခန်းတွေမှာ ဝန်ဆောင်မှုလုပ်ငန်းတွေစတင်လုပ်ကိုင်ဖို့ စီစဉ်ထားပါတယ်။

စက်ရုပ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ၈၀ ရာခိုင်နှုန်းကျော်မှာ ထိတွေ့အာရုံခံကိရိယာတွေတပ်ဆင်ထားပြီး Turing AI ချစ်ပြားသုံးခုနဲ့လုပ်ဆောင်ပါတယ်။ ပတ်ဝန်းကျင်ကို နားလည်ခြင်း၊ အလုပ်တာဝန်တွေကို စီစဉ်ခြင်း၊ လမ်းကြောင်းရှာဖွေခြင်းနဲ့ ပစ္စည်းတွေကို ကိုင်တွယ်ခြင်းတို့ကို လုပ်ဆောင်နိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။အသံနဲ့ဖြစ်စေ၊ မိုဘိုင်းအက်ပလီကေးရှင်းကတစ်ဆင့်ဖြစ်စေ အမိန့်ပေးနိုင်ပြီး ကိုယ်တိုင်အားပြန်သွင်းခြင်းနဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတွေကို သတင်းပေးပို့ခြင်းတို့လည်း လုပ်ဆောင်နိုင်ပါတယ်။

XPeng ဟာ ၂၀၂၇ ခုနှစ် ပထမသုံးလပတ်အတွင်း အရောင်းပြခန်းတွေမှာ စက်ရုပ်ကို လက်တွေ့လုပ်ငန်းခွင်အတွက် လေ့ကျင့်ပေးသွားမှာဖြစ်ပြီး ဒုတိယသုံးလပတ်မှာ အများပြည်သူထံ တရားဝင်မိတ်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။ XPeng က ကား၊ လူတူစက်ရုပ်နဲ့ ပျံသန်းနိုင်တဲ့ယာဉ်တွေမှာ တူညီတဲ့ AI နည်းပညာအခြေခံကို အသုံးချဖို့ ကြိုးပမ်းနေတယ်လို့လည်း ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။ 

Ref: IEကိုထက်

Leave a Reply

Your email address will not be published. Required fields are marked *