ပြင်ဦးလွင်ကော်ဖီစီမံကိန်း လုပ်ငန်းရှင်များအနေဖြင့် ကော်ဖီပင်များဖြစ်ထွန်းအောင် စိုက်ပျိုးထားခြင်းမရှိပါက စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ခွင့်ရုပ်သိမ်းသွားမည်

ပြင်ဦးလွင်ကော်ဖီစီမံကိန်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးထားသည့် ကော်ဖီပင်များကို အပင်ဖြစ်ထွန်း အောင်မြင်မှုရှိအောင် ထိန်းသိမ်းပြုစုကြရန် လိုအပ်ကြောင်း၊ ထပ်မံကွင်းဆင်းစစ်ဆေး၍ ကော်ဖီပင်များဖြစ်ထွန်းအောင် စိုက်ပျိုးထားခြင်းမရှိပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ခွင့်ရုပ်သိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြင်ဦးလွင်ကော်ဖီ စီမံကိန်းလုပ်ငန်းရှင်များကို ယနေ့တွေ့ဆုံဆွေးနွေးပြောကြားသည်။
 
ယနေ့တွင် နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၄၃)ရှိ အစည်းအဝေးခန်းမ၌ မြေပြင်ကွင်းဆင်း စစ်ဆေးချက်အရ မြေဧရိယာအပြည့်အဝ မစိုက်ပျိုးဘဲ တစ်စိတ်တစ်ဒေသကိုသာ စိုက်ပျိုးထားသူလုပ်ငန်းရှင် ၁၁ ဦးနှင့် စိုက်ပျိုးထားသော်လည်း ဖြစ်ထွန်းအောင်မြင်မှု အားနည်းနေသူ လုပ်ငန်းရှင် ၅၆ ဦးတိုကို ခေါ်ယူတွေ့ဆုံဆွေးနွေးပြောကြား ခဲ့ခြင်းဖြစ်သည်။
 
ထိုပြင် တာဝန်ရှိသူများက လုပ်ငန်းရှင်များကို နည်းပညာ၊ မျိုးစေ့၊ ပျိုးပင်လိုအပ်ချက်များနှင့် အခြားအခက်အခဲများရှိပါက စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းဆိုင်ရာ ဆွေးနွေးတင်ပြမှုများအပေါ် ရှင်းလင်းဖြေကြားပေးကြသည်။
 
မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်မြိုနယ်ကော်ဖီစီမံကိန်း ဧရိယာအတွင်းရှိ ကော်ဖီစိုက်ပျိုးရန် လုပ်ကိုင်ခွင့်ချထားပေးသောမြေများအပေါ် စိုက်ပျိုးဆောင်ရွက် ထားမှုအခြေအနေကို မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲများ ဖွဲစည်းကာ ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီးအချိုမှာ ဧရိယာပြည့် စိုက်ပျိုးထားမှုမရှိခြင်း၊ အချိုမှာ စိုက်ပျိုးထားသည် ဆိုရုံမျှသာ စိုက်ပျိုးထားခြင်းတိုကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
 

Leave a Reply

Your email address will not be published. Required fields are marked *