ပဲခူးတိုင်းဒေသကြီး၊ ပြည်မြိုရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၂၇) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြိုတွင်းလှည့်လည်အပူဇော်ခံပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက်အစောပိုင်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ချိုဦးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဘုရားဖူးပြည်သူများက စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဗုဒ္ဓမြတ်စွယ်တော်အား နိုဝင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ရွှေဆံတော်စေတီတော်ရင်ပြင်ရှိ ကျားပျံမကောက်ဓမ္မာရုံတွင် အများပြည်သူများ ဆက်လက်ဖူးမြော်ကြည်ညိုနိုင်ရန် အပူဇော်ခံထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။





