အမေရိကန်က အီရန်ကို ရေတပ်ပိတ်ဆို့မှုများပြန်လည်လုပ်ဆောင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လ ၁၃ ရက်တွင် ကြေညာပြီးနောက် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများမှာ ၉ ရာခိုင်နှုန်းကျော်အထိမြင့်တက်လာကြောင်းသိရသည်။ နယူးယောက်ကုန်စည်ဒိုင်တွင် ဩဂုတ်လအတွက် WTI ရေနံစိမ်းစျေးနှုန်းမှာတစ်စည်လျှင် ၆ ဒသမ ၇၃ ဒေါ်လာ၊ ရာခိုင်နှုန်းအားဖြင့် ၉ ဒသမ ၄၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၇၈ ဒသမ ၁၄ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ …