အသစ်ထွက်လာတဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနည်းပညာ ၃ မျိုး

Thales ကုမ္ပဏီဟာ ရေငုပ်သင်္ဘောတွေကိုရှာဖွေထောက်လှမ်းတိုက်ခိုက်နိုင်စွမ်း ပိုမိုမြင့်မားလာစေမယ့် နည်းပညာအသစ်၃ မျိုးကိုမိတ်ဆက်ခဲ့ပါတယ်။ အဲဒီနည်းပညာတွေဟာ သမားရိုးကျစစ်သင်္ဘောနဲ့ မောင်းသူမဲ့ရေယာဉ်တွေကို ပေါင်းစပ်အသုံးပြုပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့ရည်ရွယ်ထားတာပါ။

အဲဒီနည်းပညာ ၃ မျိုးကတော့ M-Cube စစ်ဆင်ရေးစီမံခန့်ခွဲမှုစနစ်၊ Lightweight Dipping Sonar (LDS) ရေအောက်အသံလှိုင်းရှာဖွေရေးစနစ်နဲ့ CAPTAS-4 Mission Module တို့ဖြစ်ပါတယ်။ M-Cube စနစ်က စစ်သင်္ဘော၊ ရဟတ်ယာဉ်နဲ့မောင်းသူမဲ့ရေယာဉ်တွေကို တစ်နေရာတည်းကနေ စီမံခန့်ခွဲနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့် ရေတပ်တပ်ဖွဲ့တွေဟာ ပင်လယ်ပြင်ကျယ်ကြီးအတွင်း ပျံ့နှံ့နေတဲ့ ယာဉ်တွေကို  တစ်ပြိုင်နက်  ချိတ်ဆက်ထိန်းချုပ်နိုင်မှာပါ။

LDS စနစ်ကတော့ အရွယ်အစားသေးပြီး ပေါ့ပါးတဲ့ အသံလှိုင်းရှာဖွေရေးကိရိယာဖြစ်ပါတယ်။ မောင်းသူမဲ့ရေယာဉ်တွေမှာ တပ်ဆင်အသုံးပြုနိုင်တာကြောင့် ရေငုပ်သင်္ဘောတွေကို ပိုမိုကျယ်ပြန့်စွာရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်သည်တွေရဲ့ အသက်အန္တရာယ်ကိုလည်း လျှော့ချနိုင်ပါတယ်။ CAPTAS-4 Mission Module ကတော့ စွမ်းဆောင်ရည်မြင့် CAPTAS-4 ရေအောက်အသံလှိုင်းရှာဖွေရေးစနစ်ကိုစစ်သင်္ဘောအမျိုးမျိုးမှာ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။Ref:IEကိုထက်

Leave a Reply

Your email address will not be published. Required fields are marked *