🔴ကျင်ဒွေးမြိုကို တပ်မတော်ကသိမ်းလို အကြမ်းဖက် AA တွေ မျက်ခုံးလှုပ်ရပြီ🔴

တပ်မတော်က ကျင်ဒွေးမြိုကို ပြန်လည်ထိန်းချုပ်ဖို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက လောင်းရှည်မြိုကနေ အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲ့လိုထိုးစစ်ဆင်ခဲ့လိုလဲ စက်တင်ဘာလမှာတင် ပွိင့်-၆၁၀ တောင်ကုန်း၊ ရင်းကဲကျေးရွာ၊ ပွိင့်-၉၃၄ တောင်ကုန်း၊ ဆွဲလွဲကျင်းကျေးရွာနဲ့ ပွိင့်-၁၀၅၉ တောင်ကုန်းတိုကို သိမ်းပိုက်နိုင်ခဲ့တယ်။
အောက်တိုဘာလမှာဆိုရင် ကန်ပက်လက်က မဆွာတွီကျေးရွာ၊ ပွိင့်-၁၂၇၆ တောင်ကုန်း၊ ပွိင့်-၁၇၃၂ ၊ လှိင်ဒုတ်ကျေးရွာတွေကို ဆက်တိုက်ဆိုသလို သိမ်းပိုက်နိုင်ခဲ့တယ်။
ခုတော့ လောင်းရှည်-ကျင်ဒွေးလမ်းကြောင်းတစ်လျှောက်ကို တပ်မတော်က အပြည့်အဝထိန်းချုပ်ပြီးတော့ ကျင်ဒွေးမြိုကို ရရှိခဲ့ပါပီ။
ကျင်ဒွေးမြိုဟာဆိုရင် ချင်းပြည်တောင်ပိုင်းဒေသနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ရာလမ်းကြောင်းပေါ်မှာ ဗျူဟာမြောက်တည်ရှိနေတဲ့မြိုဖြစ်ပါတယ်။ တပ်က အခု ကျင်ဒွေးကို ရပီဆိုတော့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းတောင်ပိုင်း ထောက်ပိုလမ်းကို ထိန်းချုပ်နိုင်ပြီလို ယူဆလိုရပါတယ်။
ဒီအောင်မြင်မှုရဲ့နောက်ကွယ်ကို ကြည့်မယ်ဆိုရင်
တပ်က ချင်းဘက်မှာ အင်အားအလုံးအရင်းနဲ့ စစ်မျက်နှာ ဖွင့်ထားလို အကြမ်းဖက်သမားတွေ အင်အားစုမိဖို အခက်အခဲဖြစ်နေတာရယ်၊ မြေပြင်တိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းတွေနဲ့အတူ ပူးပေါင်းပါဝင်နေတဲ့ (ပစ) တွေ လက်စောင်းထက်တာရယ်၊ မြေပြင်ဝေဟင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတာတွေရယ် ကြောင့်လိုသုံးသပ်လိုရပါတယ်။
နောက်တစ်ခုက ကျင်ဒွေးကို တပ်ကရလို အကြမ်းဖက် AA တွေအတွက် ပိုပီး မျက်ခုံးလှုပ်လာရပြီ..
ဘာလိုလဲဆိုရင် တပ်က ဘက်ပေါင်းစုံကနေ ရခိုင်ကို ဝင်နေတော့
ရခိုင်ဟာ တစ်မြိုပြီးတစ်မြို ပြန်ပေးရမယ့်အခြေအနေရှိနေပြီ။ တပ်မတော်အနေနဲ့လည် ဒီလိုအောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းဖိုဆိုရင် ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းအောင် ဆောင်ရွက်ရမှာဖြစ်သလို နည်းပညာကိုလည်း များများသုံးနိုင်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *